4:26 AM ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
ရေအကျိုး(၁၀)ပါးတို့မှာ (၁)လျင်မြန်ခြင်း၊ (၂)သန့်ရှင်းစင်ကြယ်ခြင်း၊ (၃)ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ (၅)အခြွေအရံများခြင်း၊ (၆)အသက်ရှည်ခြင်း၊ (၇)အဆင်းလှခြင်း၊ (၈)ချမ်းသာကြီးခြင်း၊ (၉) ခွန်အားဗလ ကြီးမားခြင်း၊ (၁၀)ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ဆွမ်းလှူသဖြင့် ရရှိနိုင်သောအကျိုးတရား(၅)မျိုးတို့မှာ (၁) အသက်ရှည်ခြင်း၊ (၂) အဆင်းလှခြင်း၊ (၃) ကိုယ်စိတ်ချမ်းသာခြင်း၊ (၄) ခွန်အားဗလ ကြီးမားခြင်း၊ (၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) မေတ္တာပို့ခြင်းအကျိုး(၁၁)မျိုးမှာ(၁)ချမ်းသာစွာအိပ်ရခြင်း။ (၂)ချမ်းသာစွာနိုးရခြင်း။ (၃)အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။ (၄)နတ်အပေါင်းကစောင့်ရှောက်ခြင်း။ (၅)လူအများချစ်ခင်ခြင်း။ (၆)မီးဘေးမသင့်နိုင်ခြင်း။ (၇)အဆိပ်၊လက်နက်မသင့်နိုင်ခြင်း။ (၈) စိတ်တည်ကြည်ခြင်း။ (၉) မျက်နှာကြည်လင်ခြင်း။ (၁၀) တွေဝေစွာမသေရခြင်း။ (၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။