3:43 PM ရွှေလင်းယုန်ဆရတော်၏ ပရိတ်တရားတော်


8:08 AM တရားသီချင်း


4:31 AM မြတ်ဗုဒ္ဓအကြောင်းသိကောင်းစရာများ

၁။အလောင်းတော်နတ်သားဖြစ်စဉ်ကအမည် - သေတကေတုနတ်သား
၂။ဘုရားအလောင်း - သိဒ္ဓတ္တမင်းသား
၃။ဘုရားလောင်း၏ ခမည်းတော် - သုဒ္ဓေါဓနမင်းကြီး
၎။ဘုရားလောင်း၏ မယ်တော် - မဟာမာယာဒေ၀ီ
၅။မိထွေးတော် - ဂေါတမီ
၆။သိဒ္ဓတ္တမင်းသား၏ကြင်ယာတော် - ယသော်ဓရာဒေ၀ီ
၇။သားတော် - ရာဟုလာမင်းသား
၈။တိုင်းပြည် - ကပ္ပီလ၀တ်ပြည်
၉။ဘုရားဘွဲ့တော် - ဂေါတမဘုရား
၁၀။ပဋ္ဌိသန္ဓေတည်ချိန် - မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ်၊၀ါဆိုလပြည့် (ကြာသပတေးနေ့)
၁၁။ဖွားတော်မူသောနေ့ - မဟာသက္ကရာဇ်( ၆၈) ခုနှစ်၊ကဆုန်လပြည့် (သောကြာနေ့)
၁၂။ထီးနန်းဆက်ခံသောအသက် - ၁၆ နှစ်
၁၃။နန်းစည်းစိမ်စံစားသောနှစ် - ၁၃ နှစ်
၁၄။တောထွက်သောအသက် - ၂၉ နှစ်
၁၅။ဒုက္ကရစရိယာကျင့်သောနှစ် - ၆ နှစ်
၁၆။ဘုရားဖြစ်တော်မူသောအသက် - ၃၅ နှစ်
၁၇။ဝါတော် - ၄၅ ၀ါ
၁၈။ပရိနိဗ္ဗန်စံသောနှစ် - မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ၊ ကဆုန်လပြည့် (အင်္ဂါနေ့)

4:26 AM ဗုဒ္ဓဘာသာဝင်တို့ နေ့စဉ်ပြုအပ်သောအရာ

(၁) ရေချမ်းကပ်လှူခြင်း။
ရေအကျိုး(၁၀)ပါးတို့မှာ (၁)လျင်မြန်ခြင်း၊ (၂)သန့်ရှင်းစင်ကြယ်ခြင်း၊ (၃)ကျော်ကြားလူသိများခြင်း၊ (၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ (၅)အခြွေအရံများခြင်း၊ (၆)အသက်ရှည်ခြင်း၊ (၇)အဆင်းလှခြင်း၊ (၈)ချမ်းသာကြီးခြင်း၊ (၉) ခွန်အားဗလ ကြီးမားခြင်း၊ (၁၀)ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ဆွမ်းလှူသဖြင့် ရရှိနိုင်သောအကျိုးတရား(၅)မျိုးတို့မှာ (၁) အသက်ရှည်ခြင်း၊ (၂) အဆင်းလှခြင်း၊ (၃) ကိုယ်စိတ်ချမ်းသာခြင်း၊ (၄) ခွန်အားဗလ ကြီးမားခြင်း၊ (၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) မေတ္တာပို့ခြင်းအကျိုး(၁၁)မျိုးမှာ(၁)ချမ်းသာစွာအိပ်ရခြင်း။ (၂)ချမ်းသာစွာနိုးရခြင်း။ (၃)အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။ (၄)နတ်အပေါင်းကစောင့်ရှောက်ခြင်း။ (၅)လူအများချစ်ခင်ခြင်း။ (၆)မီးဘေးမသင့်နိုင်ခြင်း။ (၇)အဆိပ်၊လက်နက်မသင့်နိုင်ခြင်း။ (၈) စိတ်တည်ကြည်ခြင်း။ (၉) မျက်နှာကြည်လင်ခြင်း။ (၁၀) တွေဝေစွာမသေရခြင်း။ (၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

4:26 AM ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များ

၁။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ - မင်္ဂလာအခါတော်နေ့
၂။ ကဆုန်လပြည့်နေ့ - ဗုဒ္ဒအခါတော်နေ့
၃။ နယုန်လပြည့်နေ့ - မဟာသမယ အခါတော်နေ့
၎။ ၀ါဆိုလပြည့်နေ့ - ဓမ္မစကြာအခါတော်နေ့
၅။ ၀ါဆိုလပြည့်ကျော် ၅ ရက်နေ့ - အနတ္တလက္ခဏာအခါတော်နေ့
၆။ ၀ါခေါင်လပြည့်နေ့ - မေတ္တာအခါတော်နေ့
၇။ တော်သလင်းလပြည့်နေ့ - ဂရုဓမ္မအခါတော်နေ့
၈။ သီတင်းကျွတ်လပြည့်နေ့ - အဘိဓမ္မာနေ့
၉။ တန်ဆောင်မုန်းလပြည့်နေ့ - သာမညပလ အခါတော်နေ့
၁၀။ နတ်တော်လပြည့်နေ့ - ဓမ္မစာဆိုတော်များနေ့
၁၁။ ပြာသိုလပြည့်နေ့ - ရှစ်တစ်ထောင်အခါတော်နေ့
၁၂။ တပို့တွဲလပြည့်နေ့ - သြ၀ါဒပါတိမောက် အခါတော်နေ့
၁၃။ တပေါင်းလပြည့်နေ့ - မြတ်ဗုဒ္ဓပြည်ထောင်ဝင်နေ့